July performance related pay ကိစ္စနှင့်ပတ်သက်၍ Max Myanmar Construction Co., Ltd. မှ ဝန်ထမ်းများသိသာပါရန်။

၁။ Group Management သည် ဝန်ထမ်းများ၏ ခံစားခွင့်အတွက် performance related pay ဖြင့်ဆောင်ရွက်ရန် လမ်းညွှန်ခဲ့ပြီး ယင်းကိစ္စအားဆောင်ရွက်ရန် Max Myanmar Construction Co., Ltd မှ Management များဖြစ်သည့် –
(၁) ဦးအုန်းကျော် (Vice Chairman – Max Myanmar Holding Co., Ltd)
(၂) ဒေါက်တာသောင်းဟန် (COO – Max Myanmar Holding Co., Ltd)
(၃) ဦးခင်မောင်တင့် (Vice Chairman – Max Myanmar Construction Co., Ltd)
(၄) ဦးကိုလေး (Director – Max Myanmar Construction Co., Ltd)
(၅) ဦးခင်မောင်ကြွယ် (Director – Max Myanmar Construction Co., Ltd)
(၆) ဒေါ်သက်နှင်းစိုး (Director – Max Myanmar Construction Co., Ltd)
(၇) ဦးတေဇာအောင်လွင် (Dy Chief Architect – Max Myanmar Construction Co., Ltd)
(၈) ဒေါ်အေးငြိမ့်ငြိမ့်သူ (HR Manager – Max Myanmar Construction Co., Ltd) တို့ ပါဝင်သောကော်မတီအားဖွဲ့စည်းခဲ့ပါသည်။

၂။ ယင်းကော်မတီမှ ညှိနှိုင်းဆွေးနွေးမှုများ၊ သဘောထားမှတ်ချက်များနှင့် ဆုံးဖြတ်ချက်များအတွက် အကြိမ်ကြိမ်အစည်းအဝေးများကျင်းပ၍ စံသတ်မှတ်ချက် အဆင့် (၅) ဆင့်ဖြင့် ဆုံးဖြတ်ချက်များဆောင်ရွက်ရန် သဘောတူအတည်ပြုခဲ့ပြီး ယင်းကော်မတီကပင် အောက်ပါအဆင့် (၅)ဆင့်ဖြင့် ဆက်လက်ဆောင်ရွက်ခဲ့ပါသည်။

အဆင့်(၁) – Performance Appraisal Form ဖြင့် (A)=Immediate Supervisor (အနီးကပ်ကြီးကြပ်ခေါင်းဆောင်)၊ (B)=Head of Department (ဌာနခေါင်းဆောင်)၊ (C)=At least one level higher than immediate supervisor (အနီးကပ်ကြီးကြပ်ခေါင်းဆောင်ထက် အနည်းဆုံးတဆင့် ပိုမြင့်သူ) များမှအမှတ်ပေးခြင်း

အဆင့်(၂) – မိမိ၏သက်ဆိုင်ရာ ဌာနအလိုက်ခေါင်းဆောင်များမှ သီးသန့်ရွေးချယ်၍ အိတ်ပိတ်စာပေးပို့ပြီး အမှတ်တိုးပေးခြင်း၊

အဆင့်(၃) – အဖွဲ့လိုက်သက်ဆိုင်ရာ ခေါင်းဆောင်များအားခေါ်ယူ၍ အဖွဲ့လိုက် တစ်ဦးချင်းစီအတွက် အမှတ်ပေးခြင်း၊

အဆင့်(၄) – တာဝန်ပေးအပ်ခြင်းခံရသော ဌာနဆိုင်ရာ ခေါင်းဆောင်များမှ တက်အားသရွေ့ ဆောင်ရွက်နိုင်သမျှတစ်ဦးချင်းအလိုက်ခေါ်ယူတွေ့ဆုံမေးမြန်းခြင်း၊

အဆင့်(၅) – အတက်ပါ အဆင့် (၄) ဆင့်မှ ရရှိလာသောအမှတ်များအား သုံးသပ် အကဲဖြတ်ရာတွင် ဝန်ထမ်းများ၏ တိုးတက်လာသော Qualification Attitude Discipline, Seniority (External + Internal Experience) နှင့် Responsibility တို့အားထပ်မံထည့်သွင်း၍ အမှတ်ပေးခဲ့ပါသည်။

၃။ အထက်ပါအဆင့်(၅)ဆင့်မှ ရရှိလာသောအမှတ်များအား ကော်မတီအဖွဲ့မှ ပြန်လည်စီစစ်သုံးသပ်ပြီး (၃၀ – ၆ – ၂၀၁၅) ရက်နေ့တွင် ဝန်ထမ်းများ၏ performance related pay များအား ကော်မတီမှ အတည်ပြုဆုံးဖြတ်ပေးခဲ့ပါသည်။

၄။ သို့ဖြစ်ပါ၍ ယခုအကြောင်းအရာနှင့် ပတ်သတ်၍ မရှင်းလင်းမှုနှင့် အကြံပြုချက်များရှိပါက အထက်ဖော်ပြပါတာဝန်ရှိ လူကြီးများအား ကိုယ်တိုင် ရုံးချုပ်သို့ဖြစ်စေ၊ ဦးခင်မောင်ကြွယ် – 0949200228၊ ဒေါ်သက်နှင်းစိုး – 098631777၊ ဒေါ်အေးငြိမ့်ငြိမ့်သူ – 0973092018၊ ဦးတေဇာအောင်လွင် – 09513371 များသို့ ဆက်သွယ်၍ဖြစ်စေ၊ တွေ့ဆုံမေးမြန်း အကြံပြုနိုင်ပါကြောင်း အသိပေးအပ်ပါသည်။

An employee from Max Myanmar Construction posted about the case related to the increment in social media website and the management took actions by forming up the grievance committee which includes the management team of Max Myanmar Holding Co., Ltd and Max Myanmar Construction Co., Ltd. The committee decided and addressed the grievance case by 5 stages of Performance Related Pay Policy. There is no grievance case in other subsidiaries of Max Myanmar Group.