Max Logistics Officials, Led by Group CEO Dr. Thaung Han, Embark on Insightful Visit to TTT (Toyota Transport Thailand), TTK Logistics (Thailand)
February 25, 2019
Max Myanmar Group Contributes Over 2 Billion Kyats in Sponsorship to Support the Development of Myanmar’s Football Sector
September 17, 2026မက်စ်မြန်မာမိသားစု၏ သီတင်းကျွတ် အခါသမယ ဝါကျွတ်ကန်တော့ပွဲ ကျင်းပ
၂၀၂၃ခုနှစ် မက်စ်မြန်မာမိသားစု၏ သီတင်းကျွတ်အခါသမယ ဝါကျွတ်ကန်တော့ပွဲ အခမ်းအနားကို အောက်တိုဘာလ ၂၆ရက်၊ နံနက် ၁၀နာရီအချိန်က နိုဗိုတယ်ဟိုတယ်တွင် ပြုလုပ်ကျင်းပခဲ့ရာ ကုမ္ပဏီခွဲအသီးသီးမှ ဝန်ထမ်းများအားလုံး စုပေါင်းပါဝင်ခဲ့ကြပါသည်။
ဦးစွာပထမ နာယက ဦးဇော်ဇော်မှ ဦးဆောင်၍ ဝန်ထမ်းများက ကုမ္ပဏီရှိ အသက်၆၅ နှစ်အထက် (၄၂) ဦး၊ အသက် ၈၃ နှစ် (၂)ဦးနှင့် ၇၆ နှစ် (၃) ဦးအပါအဝင်သက်ကြီးဝါကြီး ပုဂ္ဂိုလ်များကို ကံသုံးပါးဖြင့် ပြစ်မှားမိခဲ့သမျှ ခွင့်လွှတ်ပေးနိုင်ပါရန် လက်အုပ်ချီမိုး ရှိခိုးကန်တော့ခဲ့ကြသည်။ ဆက်လက်၍ ကုမ္ပဏီခွဲ အသီးသီးမှ ဝန်ထမ်းများက မြန်မာ့ရိုးရာအစဉ်အလာအတိုင်း နာယက ဦးဇော်ဇော်နှင့်တကွ သက်ကြီးဝါကြီး ပုဂ္ဂိုလ်ကြီးများကို ရှိခိုးကန်တော့ခဲ့ကြပြီး နာယကနှင့် အသက်၊ ဝါ ကြီးရင့်သူတို့က ဆုံးမဩဝါဒနှင့်အတူ ဆုတောင်းစကားများပြန်လည် ပြောကြားပေးခဲ့ကြပါသည်။
















