လက်ထောက် စက်ရုံမှူး ( ကုန်ထုတ် ) - (၁)ဦး

မက်စ် ဘိလပ်မြေစက်ရုံ (တောင်ဖီလာ) နေပြည်တော်တွင် တာဝန်ထမ်းဆောင်ရန် အမြန်အလိုရှိပါသည်။

Job Descriptions

  • Head of Opration , Head of Factory အားတာဝန်ခံပြီး လုပ်ငန်းတာဝန်များဦးစီးဆောင်ရွက်ရန်။
  • ကုန်ထုတ်ဌာနမှစက်များ အချိန်နှင့်တပြေးညီလည်ပတ်နိုင်ရန် စီစဉ်ညွန်ကြားရန်။
  • ကုန်ထုတ်ဌာနမှစက်များ ကြံ့ခိုင်မှု အခြေအနေ ၊ စက်၏ စွမ်းအား ၊ သက်တမ်း ၊ အပိုပစ္စည်းရရှိနိုင် မှု ၊ပုံမှန်ပြုပြင်ထိန်းသိမ်းမှု ၊ ကုန်ထုတ်လုပ်မှု တိုးမြင့်ထုတ်လုပ် နိုင်ရေးအတွက် စက်၏လုပ်ဆောင်မှု Running Power များကို တွက်ချက်ဆောင်ရွက်နိုင်ရန်။
  • ကုန်ထုတ်ဌာနမှစက်ပစ္စည်းများချို့ယွင်းပျက်စီးပါက အချိန်မှီအစားထိုးနိုင်ရေး ၊ Head of Operation နှင့် ဒုစက်ရုံမှုး တို့ထံ အချိန်မှီတင်ပြဆောင်ရွက်ရန်။
  • ကုန်ထုတ်ဌာနမှ ဝန်ထမ်းများတာဝန်ယူဆောင်ရွက်မှု ၊ တာဝန်ခွဲဝေမှုနှင့် လုပ်ငန်းခွင်အန္တရာယ် ကင်းရှင်း ရေး စီမံဆောင်ရွက်ရန်။
  • ISOလုပ်ငန်းစဉ်တာဝန်များကို အချိန်မှီဆောင်ရွက်နိုင်ရန် မိမိ ဌာနများကို တာဝန်ယူကြီးကြပ် လမ်းညွှန်ရန်
  • နေ့စဉ်ကုန်ထုတ်လုပ်မှုလုပ်ငန်းစဉ်များ(Production Process)များကို လှည့်လည်စစ်ဆေးကြီးကြပ် လမ်းညွှန်ပြီးဝန်ထမ်းများ တာဝန်ချိန်စည်းကမ်းတကျရှိရေး ၊ တာဝန်ဆောင်ရွက်မှုတိကျမှန်ကန်ရေး စီစစ်လမ်းညွှန်ရန်။
  • ကုန်ထုတ်ဌာနမှစက်ပစ္စည်းများပုံမှန်လည်ပတ်နိုင်ရေး ၊စက်ဆီချောဆီပုံမှန်ဖြည့်တင်းရေး မှတ်တမ်းစနစ်တကျရှိ မရှိသက်ဆိုင်ရာ SOP အတိုင်း လိုက်နာဆောင်ရွက်ခြင်း ရှိ မရှိ ကြီးကြပ်ရန်။
  • Production KPI များ အတိုင်း ဌာန အသီးသီးမှ ဆောင်ရွက် နိုင်ခြင်း ရှိ မရှိ ဌာနမှုးများနှင့် ချိတ်ဆက်လမ်းညွှန်စစ်ဆေးရန်။
  • အရည်အသွေးပြည့်မှီသော ဘိလပ်မြေများ သတ်မှတ်ချိန်အတွင်း ထုတ်လုပ်နိုင်ရေး Traget rate ကိုသတ်မှတ်ပေးရန် နှင့် အချိန်မှီ ထုတ်လုပ်ဖြန့်ဖြူးနိုင်ရေး ကြီးကြပ်ပေးရန်။
  • စက်ပစ္စည်းများ ရည်ရှည် တည်တံ့ကောင်းမွန်စွာ ထုတ်လုပ်နိုင်ရေး ပုံမှန်စစ်ဆေးရေး အဖွဲ့များဖွဲ့စည်းပြီး လေလွင့်ဆုံးရှုံးမှု မဖြစ်ပေါ်ရန်အတွက် ဦးဆောင်စီစဉ်လမ်းညွန်ရန်။
  • စက်ရုံအတွင်း ဝန်ထမ်းများ ဘေးအန္တရာယ် ကင်းရှင်းစွာ တာဝန်ယူဆောင်ရွက် နိုင်ရေး ပုံမှန်စစ်ဆေးလမ်းညွှန်ရန်။

Job Specifications

  • ပညာ အရည်အချင်း – ME, BE, (Mechnical / Civil / Electrical/ Electronics)

  • အတွေ့အကြုံ – လက်ထောက်စက်ရုံမှူး အတွေ့အကြုံ အနည်းဆုံး (၃) နှစ်ရှိရမည်။ စက်ရုံ အလုပ်ရုံခွဲမှူး အတွေ့အကြုံ (၅)နှစ်ရှိရမည်။

  • ကုန်ကြမ်းဆိုင်ရာ လုပ်ငန်းစဉ်၊ ကုန်ချောထုပ်လုပ်မှုဆိုင်ရာလုပ်ငန်းစဉ်နှင့် စက်ပစ္စည်းဆိုင်ရာ ပြုပြင်တပ်ဆင်ခြင်း လုပ်ငန်းစဉ်အတွေ့အကြုံရှိရမည်။

 

လျှောက်ထားလိုသူများသည် စက်တင်ဘာလ (၃၀)ရက်နေ့ နောက်ဆုံးထား၍ ကိုယ်ရေးအချက်အလက်စုံလင်စွာဖြင့် [email protected] နှင့် [email protected] များသို့ အီးမေးလ်ပေးပို့၍ လျှောက်ထားနိုင်ပါသည်။ (လတ်တလော Covid-19 အခြေအနေများကြောင့် အီးမေးလ်ဖြင့်သာ လျှောက်လွှာများကို လက်ခံသွားမည် ဖြစ်ပါသည်။)

 

Max Myanmar Group

No.123, Alanpya Pagoda Road, Dagon Township, Yangon, Myanmar.
Tel: 951-255819-21, 255823-28, 255838

Submit Your CV