လက်ထောက် စက်ရုံမှူး ( Material Planning ) - (၁ ဦး)

မက်စ် ဘိလပ်မြေစက်ရုံ (တောင်ဖီလာ) နေပြည်တော်တွင် တာဝန်ထမ်းဆောင်ရန် အမြန်အလိုရှိပါသည်။

Job Descriptions

  • Head of Operation အား တာဝန်ယူ၍ လုပ်ငန်းတာဝန်များ အား ဦးစီးဆောင်ရွက်ရန်။
  • ကုန်ထုတ်လုပ်မှု လျှာထားချက် ၊ ကုန်ကြမ်း ၊ လောင်စာ ၊ စက်ပြုပြင် ထိန်း သိမ်းရေး ကိစ္စ ရပ်များကို Plan ရေးဆွဲ တင်ပြရန်။
  • ကုန်ကြမ်းစဉ်ဆက်မပြတ်ရရှိရေး ၊ စက်ဆီ ၊ ချောဆီ ၊ ဒီဇယ်ဆီ ၊စက်အရံပစ္စည်းများ အဆက်မပြတ်ရရှိရေး အချိန်မှီရရှိရေး  အရည်အသွေးမှီသော ကုန်ကြမ်းများရရှိရေး စီစဉ်ညွန်ကြားရန် ။
  • ကုန်ထုတ်လုပ်မှု ၊ စွမ်းအင် သုံးစွဲမှု ၊ ကုန်ကြမ်း ၊ လောင်စာ ၊ လျှပ်စစ် သုံးစွဲမှုများအား သတ်မှတ် Norm အတွင်းရှိ မရှိ ပုံမှန် ဆန်းစစ်နေရန်။
  • နေ့စဉ် ကုန်ထုတ်လုပ်မှု ကိန်းဂ႑န်းများ ကို မှန်ကန်စွာ အချိန်မှီပြုစု တင်ပြရန်။
  • မိမိဌာန ၏ သတ်မှတ်ထားသော KPI အား ပြည့်မှီအောင် အကောင်အထည်ဖော်ရန် ၊ မိမိ လက်အောက်ဌာနများကို လည်း KPI ပြည့်မှီရေး ၊ ပုံမှန်စစ်ဆေးလမ်းညွန်ကြီးကြပ်ရန် ။ KPI result များ တွက်ချက်တင်ပြရန်။
  • မိမိဌာနအတွင်း လေလွင့်ဆုံးရှုံးမှု နည်းနိုင်သမျှ နည်းအောင်ထုတ်လုပ်မှု စရိတ်လျှော့စေရန် အကျိုးအမြတ် ရရှိစေရန် အတွက် Costing များကို သက်ဆိုင်ရာ Finance Department , Management နှင့်ချိတ်ဆက် တင်ပြရန်။
  • QMS ၏ Asst Team Leader အဖြစ် တာဝန်ယူဆောင်ရွက်ပြီး ISO နှင့် ပါတ်သတ်သော လုပ်ငန်းများကို ဌာန အသီးသီးနှင့်ဆက်သွယ်ညှိနှိုင်းပြီး ISO လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးရန်။
  • ကုန်ထုတ်လုပ်မှုဌာန အသီးသီးမှ စက်နှင့်ပါတ်သတ်သော Drawing , Specification များကို အချိန်မှီပြုစုစီစဉ်ညွန်ကြားရန်။
  • စက်ရုံရှိ ဌာနအသီးသီး ၏ လုပ်ငန်း ရည်မှန်းချက် ၊ လျာထားချက် ၊ ဆုံးရှုံး နိုင်မှုများ ကို မျှော်မှန်း ပြီးကြီးကြပ် ကွပ်ကဲရန်။

Job Specifications

  • ပညာ အရည်အချင်း – BE, ME (Mechanical / Civil / Electrical/ Electronics)

  • အတွေ့အကြုံ – လက်ထောက်စက်ရုံမှူး အတွေ့အကြုံ အနည်းဆုံး (၃) နှစ်ရှိရမည်။ စက်ရုံ အလုပ်ရုံခွဲမှူး အတွေ့အကြုံ (၅)နှစ်ရှိရမည်။

  • ကုန်ထုပ်လုပ်မှုစီမံချက်၊ ကုန်ကြမ်းရရှိရေး စီမံချက်၊ ကုန်ချောထုပ်လုပ်မှုစီမံချက်၊ သယ်ယူပို့ဆောင်ရေး စီမံချက်၊ ဈေးကွက်ရရှိရေး စီမံချက် ဆက်သွယ်ဆောင်ရွက်နိုင်ရမည်။

 

လျှောက်ထားလိုသူများသည် စက်တင်ဘာလ (၃၀)ရက်နေ့ နောက်ဆုံးထား၍ ကိုယ်ရေးအချက်အလက်စုံလင်စွာဖြင့် [email protected] နှင့် [email protected] များသို့ အီးမေးလ်ပေးပို့၍ လျှောက်ထားနိုင်ပါသည်။ (လတ်တလော Covid-19 အခြေအနေများကြောင့် အီးမေးလ်ဖြင့်သာ လျှောက်လွှာများကို လက်ခံသွားမည် ဖြစ်ပါသည်။)

 

Max Myanmar Group

No.123, Alanpya Pagoda Road, Dagon Township, Yangon, Myanmar.
Tel: 951-255819-21, 255823-28, 255838

Submit Your CV