လက်ထောက် စက်ရုံမှူး ( ထွေ / စီ ) - (၁)ဦး

မက်စ် ဘိလပ်မြေစက်ရုံ (တောင်ဖီလာ) နေပြည်တော်တွင် တာဝန်ထမ်းဆောင်ရန် အမြန်အလိုရှိပါသည်။

Job Descriptions

  • စက်ရုံ ၏ ရုံးပိုင်းဆိုင်ရာကိစ္စရပ်များ၊ပို့ဆောင်ရေးနှင့်ကျန်းမာရေးကိစ္စရပ်များ၊ လုံခြုံရေးဆိုင်ရာ အားလုံး ကြီးကြပ်ဆောင်ရွက်ရန်။
  • သက်ဆိုင်ရာဝန်ကြီးဌာနများ၏ ညွှန်ကြားချက်များ ၊ အမိန့်များနှင့် ညွှန်ကြားချက်များအား လိုက်နာ ဆောင်ရွက်ရန်။
  • ပေးပို့ရမည့်လစဉ်ပြန်တမ်းများအား အချိန်မှီပေးပို့ ရန် ကြီးကြပ်ဆောင်ရွက်ရန် ။
  • ပတ်ဝန်းကျင်ကျေးရွာများ ၊ အဖွဲ့အစည်းများ နှင့်လူမှုရေးကိစ္စရပ်များ ၊ CSR ကိစ္စရပ်များ ဦးစီးဆောင်ရွက်ရန်။
  • နိုင်ငံခြားသားများ စားသောက်နေထိုင်ရေးအတွက် ကြီးကြပ် ဆောင်ရွက်ရန်။
  • ဝန်ထမ်းများ၏ ကျန်းမာရေး သွားလာရေးနှင့် အိမ်ယာနေထိုင်မှုအား ကြီးကြပ်ဆောင်ရွက်ရန်။
  • ဝန်ထမ်းလုံခြုံရေး စက်ရုံလုံခြုံရေး မီးဘေးအန္တရာယ် ကြိုတင် ကာကွယ်ရေး တို့အား စီမံချက် ရေးဆွဲဆောင်ရွက်ရန်။
  • ဘာသာရေးပွဲနှင့် အထိမ်းအမှတ်ပွဲများအား ဦးစီးကျင်းပဆောင်ရွက်ရန်။
  • သင်တန်းနှင့် ဆွေးနွေးပွဲများအား ကြီးကြပ် စီမံဆောင်ရွက်ပေးရန်။
  • ကျွန်းစိုက်ခင်း ပြုပြင်ထိန်းသိမ်း ခြင်း Environmental Management Planning များ စီမံ ဆောင်ရွက် ရန်။
  • သတ္တုတူးဖော်ခြင်း ထုတ်လုပ်ခြင်း များ အတွက် ခွင့်ပြု ချက်ရ ရှိအောင် သက်ဆိုင်ရာ အစိုး ရဌာနများနှင့် ဆောင်ရွက် ခြင်း။
  • လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်း ရေး (OSHA) အတွက် ကြီးကြပ်ဆောင်ရွက်ခြင်း။
  • စက်ရုံ အဆောက် အအုံပြုပြင် ထိန်းသိမ်း ခြင်း ၊ ဝန်ထမ်းလိုင်း ခန်းများ သန့်ရှင်း သာယာ လှ ပ စေရန် ကြီးကြပ်ဆောင် ရွက်ရန်။
  • ဝန်ထမ်းရေးရာ ကိစ္စများ ကြီးကြပ်ဆောင်ရွက်ရန် ။
  • အထက်မှပေးအပ်သော သီးခြားတာဝန်များအား ဆောင်ရွက်ရန်။

Job Specifications

  • ပညာ အရည်အချင်း – BE, ME, Other Degrees with Management Diploma/Bachelor/Master Is an Advantage.

  • အတွေ့အကြုံ – လက်ထောက်စက်ရုံမှူး အတွေ့အကြုံ အနည်းဆုံး (၃) နှစ်ရှိရမည်။ စက်ရုံ အလုပ်ရုံခွဲမှူး အတွေ့အကြုံ (၅) နှစ်ရှိရမည်။

  • အထွေထွေ စီမံခန့်ခွဲမှု အတွေ့အကြုံ ၊ နှင့် အစိုးရဌာနဆိုင်ရာများသို့ ဆက်သွယ် ဆောင်ရွက်နိုင်သည့်အတွေ့အကြုံ၊ ဒေသန္တရ ပတ်ဝန်းကျင်ဆိုင်ရာ ထိန်းသိမ်းရေး အတွေ့အကြုံရှိရမည်။ ဝန်ထမ်းရေးရာ စီမံခန့်ခွဲမှုအတွေ့အကြုံရှိရမည်။

  • စက်ရုံအတွင်း လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေးဆိုင်ရာ စီမံချက် အတွေ့အကြုံရှိရမည်။

 

လျှောက်ထားလိုသူများသည် စက်တင်ဘာလ (၃၀)ရက်နေ့ နောက်ဆုံးထား၍ ကိုယ်ရေးအချက်အလက်စုံလင်စွာဖြင့် [email protected] နှင့် [email protected] များသို့ အီးမေးလ်ပေးပို့၍ လျှောက်ထားနိုင်ပါသည်။ (လတ်တလော Covid-19 အခြေအနေများကြောင့် အီးမေးလ်ဖြင့်သာ လျှောက်လွှာများကို လက်ခံသွားမည် ဖြစ်ပါသည်။)

 

Max Myanmar Group

No.123, Alanpya Pagoda Road, Dagon Township, Yangon, Myanmar.
Tel: 951-255819-21, 255823-28, 255838

Submit Your CV