ဒု စက်ရုံမှူး (ကုန်ထုတ်) - (၁)ဦး

မက်စ် ဘိလပ်မြေစက်ရုံ (တောင်ဖီလာ) နေပြည်တော်တွင် တာဝန်ထမ်းဆောင်ရန် အမြန်အလိုရှိပါသည်။

Job Descriptions

  • ကုန်ထုတ်ဌာနမှစက်များအချိန်နှင့် တပြေးညီလည်ပတ်နိုင်အောင်စီစဉ်ညွှန်ကြားပေးခြင်း။
  • ကုန်ထုတ်ဌာနမှ စက်ပစ္စည်းများ ပျက်စီးပါက အချိန်မှီစက်ပြန်လည်ပတ်နိုင်အောင် စက်ပြုပြင်ခြင်း (Maintenance) လုပ်ငန်းများဆောင်ရွက်ရခြင်း။
  • ကုန်ထုတ်ဌာနမှ စက်ပစ္စည်းများ ချို့ယွင်းပျက်စီးပါက အချိန်မှီအစားထိုး လဲလှယ်နိုင်ရန်အတွက် Spare Parts များစီစဉ်ဆောင်ရွက်ပေးရခြင်း။
  • ကုန်ထုတ်ဌာနများဝန်ထမ်းများ အဆင်ပြေစွာ လည်ပတ်နိုင်အောင် တာဝန်ခွဲဝေချထားပေးခြင်း။
  • ကုန်ထုတ်ဌာနမှ ဝန်ထမ်းများ လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေး စီစဉ်ဆောင်ရွက်ပေးရခြင်း။
  • Daily Production အား တွက်ချက်ဆုံးဖြတ်ခြင်းနှင့် Silo Balance များစစ်ဆေးခြင်း။
  • အခါအားလျော်စွာ စက်ရုံမှတာဝန်ပေးအပ်ထားသော ကိစ္စများ သာရေး/နာရေး ကိစ္စရပ်များအားဆောင်ရွက်ပေးရခြင်း။
  • ISO Auditor အဖြစ်ဆောင်ရွက်ပေးရခြင်း။
  • ကုန်ထုတ်ဌာနမှ ဝန်ထမ်းများ ဝန်ထမ်းစည်းကမ်းလိုက်နာဆောင်ရွက်နိုင်အောင် ကြပ်မတ်ဆောင်ရွက်ပေးခြင်း။
  • ကုန်ထုတ်ဌာနမှစက်များမလိုအပ်ပဲ Idler Running မဖြစ်အောင် Control လုပ်ပေးရခြင်း။
  • ကုန်ထုတ်ဌာနမှစက်များ ပျက်စီးဆုံးရှုံုးမှုမဖြစ်စေရေးအတွက် စက်ဆီချောဆီများ ပုံမှန်စစ်ဆေးခိုင်းခြင်းနှင့် လိုအပ်ပါက စက်ဆီချောဆီ ဖြည့်နိုင်အောင် စီစဉ်ညွှန်ကြားပေးရခြင်း။
  • စက်ရုံပတ်ဝန်းကျင်သန့်ရှင်းရေးနှင့် စက်အစိတ်အပိုင်းများ သန့်ရှင်းအောင် စီစဉ်ညွှန်ကြားပေးရခြင်း။
  • ကုန်ထုတ်ဌာနများရှိ Production KPI များ။ ကုန်ထုတ်လုပ်မှုလျာထားချက်များ ပြည့်မီအောင် ကြီးကြပ်ညွှန်ကြားဆောင်ရွက်ခြင်း။
  • အရည်အသွေးပြည့်မှီသော ကုန်ချော(ဘိလပ်မြေများ) ထုတ်လုပ်နိုင်ရေး၊ ဖြန့်ဖြူးမှု Order များအဆိုင်းအချိန်မှီ ကားတင်/အိတ်သွတ်နိုင်ရေး စီစဉ်ညွှန်ကြားခြင်း။
  • ကုန်ထုတ်စက်ကြီးများ တတ်နိုင်သမျှ စက်ပျက်/ရပ်နားခြင်းမရှိရအောင် ပုံမှန်စစ်ဆေးကြီးကြပ်နိုင်ရေး စီစဉ်ညွှန်ကြားခြင်း။
  • ဌာနများ၏ လေလွင့်မှုများ မဖြစ်အောင် ထိန်းပေးရခြင်း။
  • Yearly Production Plan, Yearly Maintenance Plan များစီစဉ်ဆောင်ရွက်ရခြင်း။

Job Specifications

  • ပညာ အရည်အချင်း – BE, ME ( Mechnical / Civil / Electrical/ Electronics)

  • အတွေ့အကြုံ – ဒုစက်ရုံမှူးအတွေ့အကြုံ(၃)နှစ် နှင့် လက်ထောက်စက်ရုံမှူး အတွေ့အကြုံ အနည်းဆုံး (၅) နှစ်ရှိရမည်။

  • ကုန်ကြမ်းဆိုင်ရာ လုပ်ငန်းစဉ်၊ ကုန်ချောထုပ်လုပ်မှုဆိုင်ရာ လုပ်ငန်းစဉ်နှင့် စက်ပစ္စည်းဆိုင်ရာ ပြုပြင်တပ်ဆင်ခြင်း လုပ်ငန်းစဉ်အတွေ့အကြုံရှိရမည်။

 

လျှောက်ထားလိုသူများသည် စက်တင်ဘာလ (၃၀)ရက်နေ့ နောက်ဆုံးထား၍ ကိုယ်ရေးအချက်အလက်စုံလင်စွာဖြင့် [email protected] နှင့် [email protected] များသို့ အီးမေးလ်ပေးပို့၍ လျှောက်ထားနိုင်ပါသည်။ (လတ်တလော Covid-19 အခြေအနေများကြောင့် အီးမေးလ်ဖြင့်သာ လျှောက်လွှာများကို လက်ခံသွားမည် ဖြစ်ပါသည်။)

 

Max Myanmar Group

No.123, Alanpya Pagoda Road, Dagon Township, Yangon, Myanmar.
Tel: 951-255819-21, 255823-28, 255838

Submit Your CV