about us page title image

Max Myanmar Holding Co., Ltd. နှင့် Mitsui Co., Ltd. တို့တွေ့ဆုံဆွေးနွေး

img

Max Myanmar Holding Co., Ltd. နှင့် Mitsui Co., Ltd. တို့တွေ့ဆုံဆွေးနွေး

Burmese

Max Myanmar Holding Co., Ltd. နှင့် ဂျပန်နိုင်ငံအခြေစိုက် Mitsui & Co., Ltd. တို့သည် ၂၀၁၈ခုနှစ် မေလ ၂၂ရက်နေ့တွင် ရန်ကုန်မြို့ ပြည်လမ်းရှိ Novotel Yangon Max ဟိုတယ်တွင် တွေ့ဆုံခဲ့ကြပြီး ရှေ့ဆက်ဆောင်ရွက်မည့် စီးပွားရေးလုပ်ငန်းများတွင် အကျိုးတူ ပူးပေါင်းဆောင်ရွက်မည့် ကိစ္စရပ်များကို ရင်းနှီးနွေးထွေးစွာ ဆွေးနွေးခဲ့ပါသည်။

Max Myanmar Holding Co.,Ltd ဥက္ကဋ္ဌ ဦးဇော်ဇော်၊ Max Myanmar Group CEO Mr. Chris @ ဦးချစ်ထွန်းဖေ နှင့် Max Global Investment Managing Director ဒေါ်သဇင်အောင်တို့သည် နိုင်ငံ၏ စီးပွားရေးဈေးကွက် အခြေအနေ၊ ကုမ္ပဏီနှစ်ခု၏ အနာဂတ်စီးပွားဆိုင်ရာ လုပ်ငန်းစဉ်များ၊ ရှေ့ဆက်လုပ်ဆောင်မည့် ရင်းနှီးမြုပ်နှံမှုများနှင့် ပတ်သက်၍ Mitsui Co.,Ltd. Chairman of the Board of Directors Masami Iijima ၊ Senior Executive Managing Officer Taku Morimoto တို့ဦးဆောင်သည့်အဖွဲ့နှင့် တွေ့ဆုံဆွေးနွေးခဲ့ပါသည်။ ဆွေးနွေးမှုများ အပြီးတွင် Novotel Yangon Max Hotel ၁၄ထပ်ရှိ LeCellier ပြင်သစ်စားသောက်ဆိုင်တွင် နေ့လည်စာဖြင့် တည့်ခင်းဧည့်ခံခဲ့ပါသည်။