about us page title image

Max Myanmar Holding Co., Ltd. ဥက္ကဋ္ဌ ဦးဇော်ဇော် နှင့် Japan Bank For International Cooperation (JBIC) မှ တာဝန်ရှိသူများ တွေ့ဆုံ

img

Max Myanmar Holding Co., Ltd. ဥက္ကဋ္ဌ ဦးဇော်ဇော် နှင့် Japan Bank For International Cooperation (JBIC) မှ တာဝန်ရှိသူများ တွေ့ဆုံ

Burmese

Max Myanmar Holding Co., Ltd. နှင့် AYA Financial Group ဥက္ကဋ္ဌ ဦးဇော်ဇော်သည် ၂၀၁၈ခုနှစ် မေလ ၂၃ရက်နေ့ မွန်းလွဲပိုင်းတွင် ရန်ကုန်မြို့ ၊ ပြည်လမ်းရှိ Novotel Yangon Max Hotel ၌် ဂျပန်နိုင်ငံမှ Bank Cooperation တစ်ခုဖြစ်သည့် Japan Bank For International Cooperation (JBIC) မှ တာဝန်ရှိသူများနှင့် စီးပွားရေးဆိုင်ရာ ကိစ္စရပ်များအတွက် တွေဆုံခဲ့ပါသည်။

နိုင်ငံတကာရှိ စီးပွားရေးကုမ္ပဏီများနှင့် ချိတ်ဆက်၍ စီးပွားရေးဆိုင်ရာ ကိစ္စရပ်များကို ဆောင်ရွက်နေသည့် Max Myanmar Holding Co., Ltd. အနေဖြင့် ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များအတွက် Japan Bank For International Cooperation (JBIC) မှ တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေး ခဲ့ခြင်းဖြစ်သည်။ Max Myanmar Holding Co., Ltd. နှင့် AYA Financial Group ဥက္ကဋ္ဌ ဦးဇော်ဇော်သည် Japan Bank For International Cooperation (JBIC) မှ Senior Managing Director၊ Takesada Tatsuhiko နှင့် အဖွဲ့အား Novotel Yangon Max Hotel ၁၂ထပ်ရှိ Premier Lounge တွင် တွေဆုံ၍ ဘဏ်နှင့်သက်ဆိုင်သည့် လုပ်ငန်းဆိုင်ရာများ၊ စီပွားရေးဆိုင်ရာ ကိစ္စရပ်များကို တွေ့ဆုံဆွေးနွေးခဲ့ပါသည်။