about us page title image

Max Logistics Co.,Ltd. တစ်နှစ်ပြည့် အထိမ်းအမှတ် အလှူအဖြစ် ၀ါဆိုသင်္ကန်းကပ်လှူခြင်း၊ ဆီမီးတစ်ထောင်နှင့် ပန်းတစ်ထောင် ကပ်လှူပူဇော်ပွဲကျင်းပ

img

Max Logistics Co.,Ltd. တစ်နှစ်ပြည့် အထိမ်းအမှတ် အလှူအဖြစ် ၀ါဆိုသင်္ကန်းကပ်လှူခြင်း၊ ဆီမီးတစ်ထောင်နှင့် ပန်းတစ်ထောင် ကပ်လှူပူဇော်ပွဲကျင်းပ

Burmese

၂၀၁၇ခုနှစ် စက်တင်ဘာလ ၂၁ရက်နေ့တွင် စတင်တည်ထောင်ခဲ့သည့် Max Logistics Co.,Ltd.၏ ကုမ္ပဏီ တစ်နှစ်ပြည့်မြောက်ခြင်းအတွက် ၂၀၁၈ခုနှစ် စက်တင်ဘာလ ၂၁ရက်နေ့ နံနက်ပိုင်းတွင် အမှတ်တရ ကိတ်မုန့်ခွဲခြင်း၊ ညနေပိုင်းတွင် ရန်ကုန်မြို့ ရွှေတိဂုံဘုရားလမ်းရှိ ဆံတော်ကြို အလံပြဘုရားတွင် ၀ါဆိုသင်္ကန်းကပ်လှူခြင်း၊ ဆီမီးတစ်ထောင်နှင့် ပန်းတစ်ထောင် ဆက်ကပ်လှူဒါန်း ခဲ့ကြပါသည်။

Max Logistics Co.,Ltd. ၀န်ထမ်းမိသားစုများ စုပေါင်း၍ ညနေ ၄နာရီခွဲတွင် ဆံတော်ကြို အလံပြဘုရားကျောင်းတိုက်မှ ဆရာတော်အရှင်သူမြတ်များကို ၀ါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းခဲ့ပြီး၊ ဆရာတော်များမှ ဟောကြားတော်မူသည့် တရားတော်များကို မှတ်သားနာယူကာ ရေစက်သွန်းချ အမျှပေးဝေခဲ့ကြပါသည်။ တရားတော်များ နာယူအပြီးတွင် ဘုရားပေါ်သို့ တက်ရောက်၍ ဆီမီးတစ်ထောင်နှင့် ပန်းတစ်ထောင် ဆက်ကပ်လှူဒါန်း ပူဇော်ကုသိုလ်ပြုခဲ့ကြပါသည်။