about us page title image

Max Energy ၏ စတင်တည်ထောင်ခြင်း ရှစ်နှစ်ပြည့် အမှတ်တရအခမ်းအနား

img

Max Energy ၏ စတင်တည်ထောင်ခြင်း ရှစ်နှစ်ပြည့် အမှတ်တရအခမ်းအနား

Burmese

Max Energy ၏ (၈) နှစ်မြောက်မွေးနေ့အခမ်းအနားဖြစ်သည့် စတင်တည်ထောင်ခြင်း ရှစ်နှစ်ပြည့် အမှတ်တရအခမ်းအနားကို ၂၀၁၈ခုနှစ် ဇွန်လ (၉)ရက်နေ့တွင် ရန်ကုန်မြို့ Western Park ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

နှုတ်ခွန်းဆက်စကားကို မက်စ်မြန်မာလုပ်ငန်းစုမှ Group CEO ဖြစ်သူ Mr. Chris @ ဦးချစ်ထွန်းဖေမှ ပြောကြားကာ အဖွင့်အမှာစကားအဖြစ် ၀န်ထမ်းများကို ကျေးဇူးတင်ရှိခြင်းနှင့် ဆက်လက်အောင်မြင်မှုများ အတူရယူရန်အတွက် အားပေးစကားပြောကြားခြင်းကို Max Energy မှ CEO ဖြစ်သူ ဦးဇော်ထူးအောင်မှ ပြောကြားခဲ့ပါသည်။

အခမ်းအနားတွင် ယခုနှစ်အတွင်း တက်ရောက်သင်ကြားခဲ့သောသင်တန်းများမှ ထူးချွန်စွာ အောင်မြင်သူများကို ဂုဏ်ပြုခြင်း၊ လက်ဆောင်ပစ္စည်းများကို ကံစမ်းမဲနှိုက်ကာ ချီးမြှင့်ခြင်းနှင့် တေးသီချင်းများဖြင့် ဖျော်ဖြေခြင်းတို့ဖြင့် ပျော်ရွှင်အောင်မြင်စွာ ကျင်းပခဲ့ပါသည်။

ရတုများစွာတိုင် ရှေ့ဆက် ကြုံတွေ့ရသော အခြေအနေအရပ်ရပ်ကို လုပ်ငန်းအဆင့်အလိုက် အတူတကွ တိုင်ပင်ဆောင်ရွက်ကာ အောင်မြင်မှုပန်းတိုင်များ စိုက်ထူသွားပါမည်ဟု ယုံကြည်စွာဖြင့် ချီတက်လျက်ရှိပါသည်။