about us page title image

Max Energy မှ စက်သုံးဆီအရောင်းဆိုင်တာဝန်ခံများကို ဆိုင်များ၏ သန့်ရှင်းသပ်ရပ်မှုနှင့် Customer Service များအကြောင်း ရှင်းလင်းပြောကြား

img

Max Energy မှ စက်သုံးဆီအရောင်းဆိုင်တာဝန်ခံများကို ဆိုင်များ၏ သန့်ရှင်းသပ်ရပ်မှုနှင့် Customer Service များအကြောင်း ရှင်းလင်းပြောကြား

Burmese

Max Energy Co., Ltd. မှ CEO ဦးဇော်ထူးအောင်၊ CFO ဒေါ်နုနုဝေတို့သည် နိုင်ငံတကာမှ စက်သုံးဆီဆိုင်ကြီးများတွင် ကျင့်သုံးဆောင်ရွက်နေသည့် ဆိုင်များ၏ သန့်ရှင်းသပ်ရပ်မှုနှင့် Customer Service များအကြောင်းကို Max Energy ဆိုင်တာဝန်ခံများ သိရှိနိုင်ရန် Knowledge Sharing ပြုလုပ်၍ ရှင်းလင်းပြောကြားခဲ့ပါသည်။

Max Energy မှ ၀န်ထမ်းများ အနေဖြင့် မိမိတို့၏ Customer များအတွက် အချိန်တိုင်း အကောင်းဆုံးသော ၀န်ဆောင်မှုများ ပေးအပ်သွားရန်၊ ဈေးကွက်အတွင်း စက်သုံးဆီ အရည်အသွေးအပြင် ၀န်ဆောင်မှုကောင်းများဖြင့် အစဉ်ပေးအပ်နေကြောင်းကို Max Energy ၏ Customer များ သိရှိစေရန် စသည့် အချက်အလက်များကို မမေရတနာထွန်းမှလည်း တင်ပြဆွေးနွေးပြောကြားခဲ့ပါသည်။

Max Energy အနေဖြင့် စက်သုံးဆီ အရည်အသွေး၊ အကောင်းမွန်ဆုံး ဆက်ဆံရေး၊ ၀န်ဆောင်မှုကောင်းများ၊ ဆိုင်အတွင်းအပြင်နှင့် သန်စင်ခန်းများပါမကျန် သန့်ရှင်းသပ်ရပ်စေရေးကို အစဉ်ဂရုပြု ဆောင်ရွက်ပြီး Customer များ၏ လိုအပ်ချက်များကို ဖြည့်ဆည်းပေးရန် စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။