about us page title image

မက်စ်မြန်မာကုမ္ပဏီအုပ်စုမှ အုပ်ချုပ်မှုဝန်ထမ်းများအတွက် Australian National University မှ Ph.D Scholar ဦးနိုင်ကိုကိုက အဂတိလိုက်စားမှု တိုက်ဖျက်ရေးအကြောင်း ( ANTI- Corruption Workshop) ပြုလုပ်၍ ဆွေးနွေး

img

မက်စ်မြန်မာကုမ္ပဏီအုပ်စုမှ အုပ်ချုပ်မှုဝန်ထမ်းများအတွက် Australian National University မှ Ph.D Scholar ဦးနိုင်ကိုကိုက အဂတိလိုက်စားမှု တိုက်ဖျက်ရေးအကြောင်း ( ANTI- Corruption Workshop) ပြုလုပ်၍ ဆွေးနွေး

Burmese

မက်စ်မြန်မာကုမ္ပဏီအုပ်စု အနေဖြင့် နိုင်ငံတော်မှ အကောင်အထည်ဖော် ဆောင်ရွက်နေသည့် အဂတိလိုက်စားမှု တိုက်ဖျက်ရေး အစီအစဉ်များနှင့် ပတ်သက်သည့် အကြောင်းအရာများကို ကုမ္ပဏီတွင် တာဝန်ယူဆောင်ရွက်နေသည့် အုပ်ချုပ်မှုဝန်ထမ်းများ သိရှိနိုင်ရန် ရည်ရွယ်၍ " စီးပွားရေးလုပ်ငန်းများတွင် အဂတိလိုက်စားမှုနှင့် ပတ်သက်၍ ဖြစ်ပေါ်လာမည့် မလိုလားအပ်သော ပြဿနာများကို မည်ကဲ့သို့ဖြေရှင်းမည်နည်း " (Managing Corruption Risks at The Business Level) ခေါင်းစဉ်ဖြင့် Australian National University မှ Ph.D Scholar ဦးနိုင်ကိုကိုကိုမှ အဂတိလိုက်စားမှု တိုက်ဖျက်ရေးအကြောင်း ဆွေးနွေးပွဲကို ၂၀၁၈ခုနှစ် ဇူလိုင်လ ၁၀ရက်နေ့ မွန်းလွဲ ၂နာရီတွင် Max Myanmar Holding ရှိ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

ရှေးဦးစွာ Max Myanmar Holding Co., Ltd. ၏ Group CEO Mr. Chris @ ဦးချစ်ထွန်းဖေမှ ဆွေးနွေးပွဲသို့ တက်ရောက်လာသည့် မက်စ်မြန်မာကုမ္ပဏီအုပ်စုမှ အုပ်ချုပ်မှုဝန်ထမ်းများနှင့် ဦးနိုင်ကိုကိုတို့ကို မိတ်ဆက်ပေး၍ ( ANTI- Corruption Workshop) ပြုလုပ်ရခြင်းအကြောင်းကို ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍ Ph.D Scholar ဦးနိုင်ကိုကိုကိုမှ အမေရိကန်နိုင်ငံတွင် ပြဌာန်းခဲ့သည့် နိုင်ငံဖြတ်ကျော် အဂတိလိုက်စားမှု တိုက်ဖြတ်ရေး ဥပဒေသည် မြန်မာနိုင်ငံတွင် ဘယ်လို့ အကျိုးဆက်များ ဘာကြောင့်ဖြစ်ပေါ်လာနိုင်မှု၊ နိုင်ငံဖြတ်ကျော် အဂတိလိုက်စားမှု တိုက်ဖြတ်ရေး ဥပဒေအကြောင်းနှင့် အဆိုပါ ဥပဒေတွင် ပါဝင်သည့် အဓိကအချက်များကို ထည့်သွင်းပြောကြားခဲ့ပါသည်။ ပြောကြားမှုအပြီးတွင် မက်စ်မြန်မာကုမ္ပဏီအုပ်စုမှ အုပ်ချုပ်မှုဝန်ထမ်းများက သိလိုသည်များကို မေးမြန်းပြီး အပြန်အလှန်ဆွေးနွေးခဲ့ကြပါသည်။