about us page title image

Ayeyarwady Foundation gave health support to children of civil servants from Rakhine State

Ayeyarwady Foundation gave health support to children of civil servants from Rakhine State

img img img img img img

" Ayeyarwady Foundation gave health support to children of civil servants from Rakhine State "

On 2nd November 2017, Myanmar’s State Counselor Daw Aung San Suu Kyi visited Rakhine State and offered to provide the necessary health care to the suffering children at Yankin Children Hospital. With the guidance of State Counselor, U Zaw Zaw (Ayeyarwady Foundation) brought two children to Yankin Children Hospital and provided the required health care.

One of them is Mg Zaw Min Paing, suffering from ventricular septal defect (VSD), who is 4 year old son of U Win Zaw Htay who is a policeman in Taung Pyo Wal, border of Rakhine Sate and another healthcare of infantile ailments resulting in nervous disorders and muscular dysfunction to Mg Kaung Htet Naing, 15 years old son of Police Sergeant U Tun Tun Naing who is current working in Kyee Kan Pyin Village, Rakhine State.

Mg Zaw Min Paing suffering from health disease was arranged to meet with Health Specialists Prof. Dr. Khin Maung Oo and then the surgery will be carried out by the Cardiac Surgeons from Myanmar and Vietnam at the end of November. Similarly, Mg Kaung Htet Naing suffering from nervous disorders and muscular dysfunction was arranged to meet with Prof. Dr. Zaw Wai Soe (Rector of the University of Medicine 1, Yangon). According to the advice of Prof. Dr. Zaw Wai Soe, he was again arranged and tested with Prof. Dr. Ye Myint Kyaw at Neurology Ward of Halpin Children Hospital. Dr. Chaw Su Hlaing from that ward discussed with the child’s parent and provided the necessary treatments. Since Mg Kaung Htet Naing’s muscular dysfunction require time to recover, Ayeyarwady Foundation arranged these required diagnosis and treatments.

During the treatment period, children and their families were provided accommodation and nutrient as well as toured to the some attractions in Yangon.

(Credit : Photo)

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ၂၀၁၇ခုနှစ် နိုဝင်ဘာလ (၂)ရက်နေ့တွင် ရခိုင်ဒေသသို့ သွားရောက်ကြည့်ရှုခဲ့ပြီး အဆိုပါဒေသတွင် ဝေဒနာခံစား နေရသည့် ကလေးငယ်များကို ရန်ကင်းကလေးဆေးရုံကြီးတွင် လိုအပ်သည့်ဆေးကုသမှု ခံယူနိုင်ရန်အတွက် စီစဉ်ဆောင်ရွက်ပေးခဲ့ပါသည်။ နိုင်ငံတော်အတိုင်ပင်ခံ၏ လမ်းညွှန်မှုအရ ဧရာဝတီဖောင်ဒေးရှင်းမှ ဦးဇော်ဇော် အနေဖြင့် ရခိုင်ပြည်နယ် မောင်းတောနယ်စပ် တောင်ပြိုဝဲ တွင် တာဝန်ထမ်းဆောင်နေသည့် ရဲတပ်သား ဦးဝင်းဇော်ဌေး၏ သားငယ် အသက်လေးနှစ်အရွယ်ရှိ မောင်ဇင်မင်းပိုင် ခံစားနေရသည့် (နှလုံးတွင် အပေါက်ပါ) နှလုံးဝေဒနာကို ကုသပေးနိုင်ရန်နှင့် ရခိုင်ပြည်နယ်၊ ကျီးကန်း ပြင်ဌာနချုပ်တွင် တာဝန်ထမ်းဆောင်နေသည့် ရဲတပ်ကြပ်ကြီး ဦးထွန်းထွန်းနိုင်၏ သားဖြစ်သူ အသက်(၁၅)နှစ် အရွယ်ရှိ မောင်ကောင်းထက်နိုင် ခံစားနေရသည့် သူငယ်နာအကြောနှင့် ကြွက်သားအားနည်းသည့် ဝေဒနာကို ကုသနိုင်ရန် အတွက် ရန်ကင်းကလေးဆေးရုံကြီး သို့ ခေါ်ဆောင်လာပြီး လိုအပ်သည့် ဆေးဝါးကုသမှုနှင့် အထောက်အပံ့များကို ဖြည့်ဆည်းဆောင်ရွက်ခဲ့ပါသည်။

နှလုံးဝေဒနာ ခံစားနေရသည့် မောင်ဇင်ဝင်းပိုင်ကို ရန်ကင်းကလေးဆေးရုံကြီးမှ နှလုံးအထူးကု ဆရာဝန်ကြီးများနှင့် တွေဆုံပေးခဲ့ပြီး နိုဝင်ဘာလအကုန်တွင် မြန်မာနိုင်ငံနှင့် ဗီယက်နမ်နိုင်ငံတို့မှ နှလုံးခွဲစိတ်ကု ဆရာဝန်ကြီးများမှ ပူးပေါင်းခွဲစိတ်ကုသပေးနိုင်ရန် စီစဉ်ဆောင်ရွက်ပေးနိုင်ခဲ့ပါသည်။ ထို့အတူ မောင်ကောင်းထက်နိုင်၏ သူငယ်နာအကြောနှင့် ကြွက်သားအားနည်းသည့် ဝေဒနာကို ကုသပေးနိုင်ရန်အတွက် ရန်ကုန်ဆေး တက္ကသိုလ်(၁)မှ ပါမောက္ခဒေါက်တာ ဇော်ဝေစိုးထံသွားရောက် တွေဆုံခဲ့ပြီး ဆရာကြီး၏ တွေ့ဆုံပေးမှုအရ ပါမောက္ခဒေါက်တာ ရဲမြင့်ကျော်နှင့် ထပ်မံတွေဆုံခဲ့ပြီး ဟယ်လ်ပင် ကလေး ဆေးရုံကြီး ဦးနှောက်နှင့် အာရုံကြောဌာနသို့ သွားရောက်ဆေးစစ်မှုခံယူခဲ့ပါသည်။ အဆိုပါဌာနမှ ဒေါက်တာ ချောဆုလှိုင်မှ လိုအပ်သည့် စစ်ဆေးမှုများ ပြုလုပ်ပေးခဲ့ပြီး ကလေးငယ်၏ မိဘများကို ရောဂါနှင့်ပတ်သက်သည့် အချက်များကို ပြောပြဆွေးနွေးပေးခဲ့သည်။ မောင်ကောင်းထက်နိုင် ခံစားနေရသည့် ဝေဒနာမှာ အချိန်ယူကုသပေးရမည်ဖြစ်ပြီး ကြွက်သားလေ့ကျင့်ခန်းများကို ဆောင်ရွက်နိုင်မှသာ ယခုထက်ပိုမို တိုးတက်ကောင်းမွန်လာနိုင်မည်ဖြစ်သည့် အတွက် ဧရာဝတီဖောင်ဒေးရှင်းမှ လိုအပ်သည့် လေ့ကျင်ခန်းများ ဆက်လက်ပြုလုပ်နိုင်ရန် စီစဉ်ဆောင်ရွက်ပေးခဲ့ပါသည်။ ကလေးငယ်များ ဆေးကုသစစ်ဆေးမှုများ ခံယူနေစဉ်အတွင်း မိသားစုများ၏ နေထိုင်စားသောက်မှုများကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သလို၊ ကလေးငယ်များနှင့် မိသားစုဝင်များ စိတ်ပျော်ရွှင်စေရန်အတွက် ရန်ကုန်မြို့ရှိ အထင်ကရနေရာများသို့ လိုက်လံပို့ဆောင်ပေးခဲ့ပါသည်။

ဧရာဝတီဖောင်ဒေးရှင်းမှ ဦးဇော်ဇော်အနေဖြင့် ၂၀၁၇ နိုဝင်ဘာလ (၁၀)ရက်နေ့ မွန်းလွဲပိုင်းတွင် ရန်ကင်းကလေးဆေးရုံသို့ သွားရောက်ခဲ့ပြီး မောင်ဇင်မင်းပိုင် ခံစားနေရသည့် (နှလုံးတွင်အပေါက်ပါ) နှလုံးဝေဒနာကို ကုသပေးနိုင်ရန် အတွက် ပါမောက္ခ ဒေါက်တာ ခင်မောင်ဦးနှင့်အတူ ပြည်ပမှ နှလုံးရောဂါကုကျွမ်းကျင် ဆရာဝန်ကြီးများအား ဖိတ်ခေါ်၍ လိုအပ်သည်များကို ကုသနိုင်ရန် စီစဉ်ပေးခဲ့ပြီး ကလေးငယ်အတွက် အရုပ်လက်ဆောင်ပေးခဲ့သည်။ ဆက်လက်၍ မောင်ကောင်းထက်နိုင်နှင့် မိသားစုဝင်များကို ရန်ကင်းကလေးဆေးရုံရှိ ဧရာဝတီဖောင်ဒေးရှင်း ရုံးခန်းတွင် တွေ့ဆုံခဲ့ပြီး ကျန်းမာရေးစောင့်ရှောက်မှုများနှင့် လေ့ကျင်ခန်းများအတွက် ဆွေးနွေးတိုက်တွန်းပြောကြားခဲ့သလို လက်ရှိနဝမတန်းမှ ဒဿမတန်းအထိ ပညာသင် ထောက်ပံပေးသွားရန် စီစဉ်ပေးခဲ့သည်။

(မူရင်းဓာတ်ပုံ ရိုက်ကူးသူအား အသိအမှတ်ပြု ကျေးဇူးတင်အပ်ပါသည်။)





Our Activities

Check our latest portfolio activities. Sure you'll find something interesting.