about us page title image

ဧရာဝတီဖောင်ဒေးရှင်းမှ အောက်စဖို့ဒ်ဆရာတော်၏ အပြည်ပြည်ဆိုင်ရာစာတမ်းဖတ်ပွဲအား ငွေကျပ် သိန်း(၂၀၀၀) မတည်လှူဒါန်း

ဧရာဝတီဖောင်ဒေးရှင်းမှ အောက်စဖို့ဒ်ဆရာတော်၏ အပြည်ပြည်ဆိုင်ရာစာတမ်းဖတ်ပွဲအား ငွေကျပ် သိန်း(၂၀၀၀) မတည်လှူဒါန်း

img img img img img img img img img

ရှမ်းပြည်နယ် ဗုဒ္ဓတက္ကသိုလ် ဦးစီးတည်ထောင်သူ ကမ္ဘာ့ဗုဒ္ဓသာသနာပြု အောက်စဖို့ဒ်ဆရာတော် ပါမောက္ခ ဒေါက်တာ အရှင် ဘဒ္ဒန္တဓမ္မသာမိ DPhil (Oxford) ၏ သက်တော် (၅၃)နှစ်မြောက် မွေးနေ့အထိမ်းအမှတ် " ပိဋိကတ်သုံးပုံကို ရိုးရာနှင့် ခေတ်အလိုက် လေ့လာနည်း " အပြည်ပြည်ဆိုင်ရာ စာတမ်းဖတ်ပွဲကို ၂၀၁၇ခုနှစ် နိုဝင်ဘာလ ၂၅ရက်နေ့နှင့် ၂၆ရက်နေ့များတွင် Hotel Max (Nay Pyi Taw)တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

၂၀၁၇ နိုဝင်ဘာလ ၂၅ရက်နေ့ နံနက်ပိုင်းတွင် သံဃာတော် အရှင်သူမြတ်များက နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ ပထမနေ့ စာတမ်းဖတ်ပွဲ အခမ်းအနားကို ဖွင့်လှစ်ခဲ့ပြီး အောက်စဖို့ဒ်ဆရာတော် ပါမောက္ခ ဒေါက်တာ အရှင် ဘဒ္ဒန္တ ဓမ္မသာမိမှ အဖွင့်နှုတ်ခွန်းဆက်စကား ပြောကြားခဲ့သည်။ ယင်းနောက်တွင် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဋ္ဌာန၊ ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုမှ တက်ရောက်၍ ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားခဲ့သည်။

ထို့နောက်တွင် ဆရာတော် အရှင် ဘဒ္ဒန္တ ဓမ္မသာမိမှ သက်တော် (၅၃)နှစ်မြောက် မွေးနေ့အလှူ အဖြစ် သံဃာတော်များကို သင်္ကန်းများ ဆပ်ကပ်လှူဒါန်းခဲ့ပြီး အလှူရှင်များမှလည်း ဆက်ကပ်လှူဒါန်းခဲ့ကြသည်။

လှူဖွယ်ပစ္စည်းများ လှူဒါန်းအပြီးတွင် စာတမ်းဖတ်ပွဲ ဖြစ်ရောက်ရေး အပါအဝင် လှူ ဖွယ်ကိစ္စအဝဝအတွက် အလှူ ငွေကျပ် သိန်း(၂၀၀၀) လှူဒါန်းခဲ့သည့် ဧရာဝတီဖောင်ဒေးရှင်းမှ ဦးဇော်ဇော်အား ကမ္ဘာ့ဗုဒ္ဓသာသနာပြု အောက်စဖို့ဒ်ဆရာတော် အရှင် ဘဒ္ဒန္တ ဓမ္မသာမိနှင့် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုတို့မှ ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့သည်။

၎င်းနောက် လှူဖွယ်ဝထ္ထု အစုစုတို့အတွက် ရေစက်သွန်းချ သာဓုအနုမောဒနာ သုံးကြိမ်ခေါ်ဆိုကာ ကုသိုလ်အမျှပေးဝေခဲ့ကြပြီး ဧရာဝတီဖောင်ဒေးရှင်းမိသားစုများမှ ဆရာတော် သံဃာတော်များအား နေ့ဆွမ်း ဆပ်ကပ်လှူဒါန်းခဲ့ကြသည်။

ဆက်လက်၍ အပြည်ပြည်ဆိုင်ရာ ဆရာတော် သံဃာတော်များ၏ စာတမ်းဖတ်ကြားခြင်း အစီအစဉ်များ ပြုလုပ်ခဲ့ကြသည်။





Our Activities

Check our latest portfolio activities. Sure you'll find something interesting.