about us page title image

မိုင်းဖုန်းဆရာတော် ဘဒ္ဒန္တ ဉာဏသံဝရအား ဧရာဝတီဖောင်ဒေးရှင်း ဥက္ကဋ္ဌ ဦးဇော်ဇော်နှင့် ဇနီး ဒေါ်ဋ္ဌေးဋ္ဌေးခိုင်တို့မှ သွားရောက်ဖူးမြော်

မိုင်းဖုန်းဆရာတော် ဘဒ္ဒန္တ ဉာဏသံဝရအား ဧရာဝတီဖောင်ဒေးရှင်း ဥက္ကဋ္ဌ ဦးဇော်ဇော်နှင့် ဇနီး ဒေါ်ဋ္ဌေးဋ္ဌေးခိုင်တို့မှ သွားရောက်ဖူးမြော်

img img img img

မိုင်းဖုန်းဆရာတော် ဘဒ္ဒန္တ ဉာဏသံဝရ သီတင်းသုံးရာ ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ်ရှိ သာသနာ့လင်္ကာရ မိုင်းဖုန်းကျောင်းတိုက်သို့ ဧရာဝတီဖောင်ဒေးရှင်း ဥက္ကဋ္ဌ ဦးဇော်ဇော်နှင့် ဇနီး ဒေါ်ဋ္ဌေးဋ္ဌေးခိုင်တို့မှ ၂၀၁၇ နိုဝင်ဘာလ ၂၃ ရက်နေ့ နံနက် ၅း၀၀ နာရီတွင် သွားရောက်ဖူးမြော်ခဲ့ပါသည်။

ဆောင်ရွက်နေသော ဘာသာရေး၊ သာသနာရေး နှင့် လူမှုရေးဆိုင်ရာ ကိစ္စရပ်များအား မိုင်းဖုန်းဆရာတော်မှ ကောင်းမွန်ကြောင်းမိန့်ကြား၍ သက်ရှည် ကျန်းမာ စိတ်ချမ်းသာစေရန် မေတ္တာပို့ပေးကာ ကိုးကွယ်ပူဇော်နိုင်ရန် ဘုရားဆင်းတုတော် သုံးဆူအား ပေးအပ်ခဲ့ပါသည်။

၂၀၁၇ နိုဝင်ဘာလ ၂၅ နှင့် ၂၆ရက်နေ့များတွင် နေပြည်တော် ဟိုတယ်မက်စ်၌ ဧရာဝတီဖောင်ဒေးရှင်းမှ လှူဒါန်းမတည်ကျင်းပမည့် အောက်စဖို့ဒ်ဆရာတော် ပါမောက္ခ ဒေါက်တာ ဘဒ္ဒန္တဓမ္မသာမိ၏ စာတမ်းဖတ်ပွဲနှင့် တရားပွဲသို့ မိုင်းဖုန်းဆရာတော်မှ ကြွရောက်ချီးမြှင့်မည်ဖြစ်ကြောင်း သိရှိရပါသည်။





Our Activities

Check our latest portfolio activities. Sure you'll find something interesting.