about us page title image

ပါမောက္ခချုပ်ဆရာတော် ဒေါက်တာ အရှင်နန္ဒမာလာဘိဝံသမှ စရဏတရားနှင့် အောင်မြင်မှုကို ရယူပါ တရားတော်ဟောကြား

ပါမောက္ခချုပ်ဆရာတော် ဒေါက်တာ အရှင်နန္ဒမာလာဘိဝံသမှ စရဏတရားနှင့် အောင်မြင်မှုကို ရယူပါ တရားတော်ဟောကြား

img img img img img img img img

မက်စ်မြန်မာကုမ္ပဏီအုပ်စုနှင့် AYA Financial Group တို့မှ ကြီးမှုးကျင်းပသည့် ပါမောက္ခချုပ်ဆရာတော် ဒေါက်တာ အရှင်နန္ဒမာလာဘိဝံသမှ ဟောကြားတော်မူသည့် တရားတော် နာယူကြည်ညိုခြင်း အခမ်းအနားကို ၂၀၁၈ခုနှစ် ဇွန်လ (၆)ရက်နေ့ ည (၇း၀၀) နာရီတွင် နိုဗိုတယ်ရန်ကုန်မက်စ်ဟိုတယ်ရှိ ရန်ကုန်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

တရားပွဲ စတင်ရာတွင် သြကာသကန်တော့ချိုးဖြင့် ဘုရားရှိခိုး၍ ဖွင့်လှစ်ခဲ့ပြီး ပါမောက္ခချုပ်ဆရာတော် ဒေါက်တာ အရှင်နန္ဒမာလာဘိဝံသမှ စရဏတရားနှင့် အောင်မြင်မှုကိုရယူပါ တရားတော်ကို ဟောကြားတော်မူခဲ့ပါသည်။

ဆရာတော်ဘုရား ဟောကြားခဲ့ရာတွင် တရားနာ ပရိတ်သတ်များအနေဖြင့်

၁။ ကိုယ်ကျင့်တရား ကောင်းမွန်ရန်
၂။ မိမိစိတ်ကို ထိန်းချုပ်ရန်
၃။ ကျန်းမာအောင် နေထိုင်တတ်ရန်
၎။ နိုးကြားတက်ကြွမှုရှိရန်
၅။ ယုံကြည်မှုရှိရန်
၆။ အရှက်တရားရှိရန်
၇။ ဗဟုသုတရှိရန်
၈။ ကြိုးပမ်းအားထုတ်မှုရှိရန်
၉။ မှတ်သားနိုင်စွမ်းရှိရန်
၁၀။ ဝေဖန်ပိုင်းခြားနိုင်သည့် ပညာဥာဏ်ရှိရမည်ဖြစ်ကြောင်း၊ အောင်မြင်စေတတ်သော အရာများကိုလုပ်ဆောင်မှ အောင်မြင်မှုရရှိမည်ဖြစ်ကြောင်း၊ စရဏတရားများကို ကြိုးစားအားထုတ်မှ အပြစ်ကင်းသည့် ချမ်းသာမှုကို ရရှိပြီး ပျော်ရွှင်ရမည်ဖြစ်ကြောင်း ဟောကြားခဲ့ပါသည်။

တရားဟောကြားမှု အပြီးတွင် ဝေနေယျလုံးစုံသတ္တဝါများအား မေတ္တာပို့ အမျှပေးဝေခဲ့ပြီး မက်စ်မြန်မာကုမ္ပဏီအုပ်စုနှင့် AYA Financial Group ဥက္ကဋ္ဌ ဦးဇော်ဇော်နှင့် မိသားစုမှ သင်္ကန်းနှင့် လှူဖွယ်များ ဆပ်ကပ်လှူဒါန်းခဲ့ပါသည်။





Our Activities

Check our latest portfolio activities. Sure you'll find something interesting.